Friday, 26 November 2010
To release all political prisoners and ethnic leader in Burma
စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထောင်ကျခြင်းကို ခံနေရရှာသော ကျောင်းသားခေါင်းဆောင်များ ၊ တိုင်းရင်းသားခေါင်းဆောင်များ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိလွှတ်ပေးရန်တောင်းဆိုသော ဆန္ဒပြပွဲကို ကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ တတပ်တအားပါဝင်တက်ရောက် ခဲ့သည်။
Sunday, 7 November 2010
Boycott Burmese Elections March in London
Burma Democratic Organisations based in the UK marched around London to show their solidarity with Daw Aung San Suu Kyi and the people of Burma. A demonstration outside the Burmese Embassy, marched past Downing Street and ended outside of the Houses of Parliament encouraging people not to vote in the Burmese elections and calling for Aung San Suu Kyi to be freed.
Tuesday, 19 October 2010
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ (48 th MIN KO NAING Birth Day)
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကလည်း လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ ပြီး စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထောင်ကျခြင်းကို ခံနေရရှာသော
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်သူ၏ ၄၈ နှစ်ပြည့် မွေးနေ့ကိုလည်း အကျဉ်းထောင် ထဲတွင်သာ ကုန်လွန်ခဲ့ရ ပြန်ပြီ။ သူသည် မွေးနေ့ပေါင်း အကြိမ် ကြိမ်မှာ စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ကျော်လွန် ဖြတ်သမ်းခဲ့ရသူဖြစ်သည်။
ယခုလက်ရှိ သူသည် မြန်မာပြည်၏ ဝေးလံ ခေါင်ဖျား ဒေသတနေရာဖြစ်သည့် ရှမ်းပြည်နယ် ကျိုင်းတုံ အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ခံစားနေရသည်။ ထို့အ တွက်(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှဦးဆောင်၍ Colindale Monastery တွင်ကျင်းပပြုလုပ် ပြီး ကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ တတပ်တအားပါဝင်တက်ရောက် ခဲ့သည်။
Monday, 20 September 2010
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲ။ 3rd anniversary of Saffron revolution
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရ၏အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အသက်ပေးသွားရရှာသော ရဟန်းရှင်လူကျောင်းသားပြည်သူ များအားရည်စူး၍ အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှဦးဆောင်ပြီး မီးထွန်းဆုတောင်းပွဲကျင်းပပြုလုပ် ခဲ့ ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက် ခဲ့သည်။
Thursday, 9 September 2010
ပဲခူး မြို့မှ လူငယ်နှစ်ဦးအား စစ်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်ကိုကန့် ကွက်ခြင်း
စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ ရဟန်ရှင်၊ ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ အသက်ဟာ တိရိစ္ဆာန်တွေလောက်မှ တန်ဘိုးမထား တဲ့ စစ်အစိုးရ၏ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို England နိုင်ငံ ရောက် မျိုးချစ်မြန်မာကျောင်းသား၊ လူငယ်များမှ လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများမှဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျောင်းသားညီအကိုမောင်နှမများကိုလည်း ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြပွဲ
ဖြစ်မြောက်ရေးအဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သော သူငယ်ချင်းကျောင်းသားညီအကိုမောင်နှမများကိုလည်း နောင်လာမည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျွန်တော်တို့နှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ

Saturday, 4 September 2010
Boycott 2010 Election
Englandနိုင်ငံ ရောက် မြန်မာကျောင်းသားများမှ စစ်အစိုးရ၏ မတရားသော၂၀၁၀ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြခြင်း အခမ်းအနားကို လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများမှဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျောင်းသားညီအကိုမောင်နှမများကိုလည်း ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြပွဲ
ဖြစ်မြောက်ရေးအဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သော သူငယ်ချင်းကျောင်းသားညီအကိုမောင်နှမများကိုလည်း နောင်လာမည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျွန်တော်တို့နှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ
ဖြစ်မြောက်ရေးအဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သော သူငယ်ချင်းကျောင်းသားညီအကိုမောင်နှမများကိုလည်း နောင်လာမည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျွန်တော်တို့နှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ
Wednesday, 4 August 2010
သမိုင်းကြောင်းကို ဇောက်ထိုးမြေလှန် လုပ်ကြံပြောင်းလဲလိုသူများအား UK ရောက် ကျောင်းသားလူငယ်များ၏ ဆန္ဒပြပွဲ
လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်သော စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲ နှင့် အဆိုပါပွဲသို့ လာရောက်ဖျော်ဖြေသည့် (အာရုဏ်ဦးတွင် ဖူးသည့်ကြာ ဇာတ်ကားတွင် သရုပ်ဆောင်ထားကြသည့်)သရုပ်ဆောင်များကို ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၀ တွင် ဆန္ဒပြ သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ယူကေရှိ မြန်မာကျောင်းသားများလူငယ် စုံလင်စွာတက်ရောက်ကြပြီး စစ်အစိုးရဖြုတ်ချရေး ကြွေးကြော်သံများ ဟစ်ကျွေးခြင်း၊ တက်ရောက်လာသည့် ကျောင်းသားများမှ မြန်မာအသင်းကြီး (UK) နှင့် ပက်သက်သည့် ရင်တွင်းစကားများပြောကြားခြင်း၊ အသင်းကြီးနှင့် ပက်သက်သည့် အိတ်ဖွင့်ပေးစာများ ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ Signature Campaign ပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများဖြင့် တခဲနက် ဆန္ဒပြခဲ့ကြပါသည်။
အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ။
Subscribe to:
Posts (Atom)