Wednesday, 1 February 2012

နိုင်ငံရေး အကျဉ်းသားဟောင်းများစွာ ဘ၀ပျက်ခဲ့ဟု မင်းကိုနိုင် ပြော



By , လင်းသန့် , on February 1, irrawaddy

စစ်အာဏာရှင် စနစ်ကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်း များစွာ၏ဘ၀ ပျက်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသည်။

“ဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အနေနဲ့ ကိုယ့်အချင်းချင်း ရိုင်းပင်းကူညီနိုင်ကြဖို့ အချင်းချင်း ကွက်လပ်တွေ ဖြည့်ဖို့ လိုတယ်”ဟု လည်း ယမန်နေ့က ရန်ကုန်မြို့ အင်းလျားကန် စိမ်းလန်း စိုပြည် ဥယျာဉ်တွင် ကျင်းပသော နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားတွင် ၎င်းက ထည့်သွင်း ပြောကြားသည်။

ယမန်နေ့က ကျင်းပသော နိုင်ငံရေး အကျဉ်းသားဟောင်းများ ကြိုဆိုတွေ့ဆုံပွဲ၌ တွေ့ရသည့် ကိုမင်းကိုနိုင် (ဓာတ်ပုံ - မိုးမခ)

အဆိုပါ အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့က အမှာစကားများ ပြောကြား ခဲ့ပြီး မကြာခင်က ပြန်လည်လွတ်မြောက်လာသည့် ကိုဝင်းမော်(ရွှေသံစဉ်)လည်း တက်ရောက်၍ ဂီတ အနုပညာရှင် ကိုရဲလွင်၊ ကိုနေ၀င်း တို့နှင့်အတူ တေးဂီတဖြင့် ဖျော်ဖြေသည်။

ကိုမင်းကိုနိုင်ကလည်း သရက်အကျဉ်းထောင်တွင် စပ်ဆိုခဲ့သည့် သီချင်းတပုဒ်ကို မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ လူ ငယ် တဦး၊ ကိုမင်းကိုနိုင်၏ ညီမငယ် မသန္တာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ညီအစ်ကို မောင်နှမများနှင့် သီဆိုဖျော်ဖြေခဲ့
ကြောင်း သိရသည်။

ဒီမိုကရေစီရေးအတွက် ဘ၀များကို စွန့်လွှတ် ဆောင်ရွက်ရင်း အကျဉ်းကျခဲ့ကြရသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအနေဖြင့် ဘ၀ရှင်သန် ရပ်တည်ရေး၊ အနာဂတ်ဘ၀ ထူထောင်ရေးတို့ အတွက် အခက်အခဲများ ရှိနေ၍ အချင်းချင်း ရိုင်းပင်း ကူညီသွားနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ တဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်က ဧရာဝတီကို ပြောသည်။

ကိုကိုကြီးကလည်း“လက်တွေ့ ထိထိရောက်ရောက် ကူညီပေးနေကြတဲ့ မျိုးဆက်သစ်တွေ၊ တခြား ကူညီပေးနေကြတဲ့ ညီ အစ်ကို တွေ၊ ညီနောင်တွေ၊ သူတို့တွေကိုလည်း အလေးအနက် ဂုဏ်ပြုတဲ့အကြောင်း၊ တန်ဖိုးထားတဲ့ အကြောင်း အခမ်း အနားမှာ ကျနော်ပြောပါတယ်”ဟု ပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် သံတိုင်နှင့် အုတ်နံရံ ပုံသဏ္ဌာန် ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်း၊ မီးထွန်းညှိထားသော ဖယောင်းတိုင်များကို ရေမျှော ဆုတောင်းခြင်းများ ပြုလုပ်ကြောင်းလည်း သိရသည်။

ယမန်နေ့ က အခမ်းအနား ၌ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း လက်မှတ်ထိုး လှုပ်ရှားမှု လုပ်ဆောင်ခဲ့သူများ ၏ အမှတ်တရ ပစ္စည်းကိုလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ပေးအပ်ခဲ့သည်။

“ဧရာဝတီ မြစ်ကြီးဟာ ငါတို့ အသွေးအသားနဲ့ထပ်တူပြုပြီး ခံစားကြမယ်ဆိုတဲ့ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ခဲ့ကြတဲ့အတွက် ကြောင့် နိုင်ငံတော် သမ္မတကိုယ်တိုင် ဆည်စီမံကိန်းကြီးကို ရပ်တန့်ပစ်ခဲ့ရတဲ့အထိ အောင်ပွဲခံနိုင်ခဲ့တာဟာ တမျိုးသားလုံး စည်း လုံး ညီညွတ်မှုကို ပြသတာပဲ”ဟု ကိုကိုကြီး က ပြောသည်။

အဆိုပါ အခမ်းအနားကို ဦးဆောင်ကျင်းပကြသူများမှာ ဦးစွာလွတ်မြောက်ပြီးနှင့်သော နိုင်ငံရေးအကျဉ်းသား ဟောင်းများဖြစ်ပြီး အချင်းချင်း ရိုင်းပင်းကူညီနိုင်ရန် စုဖွဲ့ထားကြသူများ ဖြစ်သည်။

ကိုကိုကြီးက“ကျနော်တို့ ဆုံးရှုံးနစ်နာခဲ့ရတာတွေ သား မြေးတွေအထိ ဆက်ပြီး ခံစားရမယ့် ဝေဒနာတွေကို ကျနော်တို့ လက် ထက် မှာ နုတ် ပယ်ပေးဖို့၊ ဖြေလျော့ ပေးဖို့ အားလုံး တပေါင်းတစည်းတည်း ဝိုင်းဝန်းကြိုးပမ်း ကြပါစို့ လို့ တိုက်တွန်းပါတယ်”ဟု အခမ်းအနား တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော် လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Former political prisoners host reunion near Rangoon University


နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ကိုယ်ထူကိုယ်ထအစီအစဉ်က ပြုလုပ်တဲ့ Gathering Party

တာရာဝေယံ။ ရန်ကုန်၊ ၃၁၊ဇန်န၀ါရီ၊၂ဝ၁၂

ဒီနေ့ညနေက ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းမှာရှိတဲ့ စိမ်းလန်းစိုပြည်ဥယျာဉ် မြက်ခင်းပြင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ကိုယ်ထူကိုယ်ထအစီအစဉ်က
ပြုလုပ်တဲ့ Gathering Party မှာ ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သရက်ထောင်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်ရဲ့စာသူ့ဆီကို မကြာမီကမှ ရောက်လာကြောင်း၊ ထိုကဲ့သို့ မလွတ်မြောက်သေးသောနိုင်ငံရေးအကျဉ်းသားကို အမြန်ဆုံး လွှတ်ပေးရန်လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။



Gathering Party ကို ဒီနေ့ညနေ ၅းဝဝ နာရီမှ ၈းဝဝနာရီအထိ ကျင်းပခဲ့တာပါ။ဒီပွဲကို Self-help program,Yangon by Ex-political prisoner က ဦးစီး ကျင်းပခဲ့တာဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ကိုဂျင်မီ၊ ကိုဌေြးွကွယ် အပါအဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင် စတဲ့ ဗကသအဖွဲ့ဝင်များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ ဗကသအဖွဲ့ဝင်များ၊ ပွဲစီစဉ်သူများ၊ ကိုရဲလွင်၊ ကိုနေဝင်း၊ လင်းလင်း အစရှိတဲ့ အနုပညာရှင်များက ကြွရောက်လာကြတဲ့ ဧည့်သည်တွေကို တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ပရိသတ်ရဲ့တောင်းဆိုချက်အရ သရက်ထောင်ထဲမှာ ရေးစပ်ခဲ့တဲ့ သူ့ရဲ့ သီချင်းတစ်ပုဒ်ကို ညီမဖြစ်သူ မသန္တာ၊ ဗကသအဖွဲ့ဝင်များ၊ GW အဖွဲ့ဝင်များနဲ့အတူ သီဆိုပြခဲ့ပါတယ်။



ပွဲစီစဉ်သူများက မြစ်ဆုံဒေသမပျက်စီးမီက ဓာတ်ပုံကို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များထံပေးအပ်ခဲ့ရာ ကိုကိုကြီးက ကျေးဇူးတင်စကားနဲ့သဘာဝဘေးအန္တရာယ်များ၊
ပြည်တွင်းစစ်ကြောင့် ပြည်သူများ ဒုက္ခရောက်ရတဲ့အတွက်
စိတ်ထိခိုက်ရပုံကို ပြောကြားသွားခဲ့ပါတယ်။

ဒီနောက်မှာ ကဗျာရွတ်ဆိုခြင်း၊ဗကသ သီချင်းများသီဆိုခြင်းတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး မလွတ်မြောက်သေးတဲ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရန်အတွက် အင်းလျားရေပြင်မှာဖယောင်းတိုင်မီးများမျှောပြီး ဆုတောင်းကာ အခမ်းအနားကို ဝမ်းသာခြင်း၊ဝမ်းနည်းခြင်းများနဲ့ ည ၈းဝဝနာရီမှာ အဆုံးသတ်ခဲ့ပါတယ်။

ဦးမြင့်ဆွေ၊ ဒေါ်ငယ်မမသန်း၊ မမာမာဦး၊ မနှင်းနှင်းမွှေး၊ ကိုမင်းကိုနိုင်

အဆိုတော် လင်းလင်း

မနီလာသိန်း၊ ဒေါ်အေးမြင့်သန်း၊ မနိုဘယ်အေး

ကိုဇေယျနဲ့ ဧည့်သည်များ

ကိုမင်းဇေယျာ

ကိုမင်းကိုနိုင်

ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်များ

ကျောင်းသားအရေး ဖြေရှင်းရန် ဗကသ ဖွဲ့စည်းမည်



ချင်းမိုင်(မဇ္ဈိမ) ။ ။ ကျောင်းသားများအရေး ကူညီဖြေရှင်းပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဖွဲ့စည်းနိုင်ရေး စတင်ကြိုးပမ်းနေပြီဟု ဗကသ တရားဝင်ပေါ်ပေါက်ရေး ကော်မတီ (အထက်
မြန်မာပြည်)က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ကျောင်းသားများတွင် အခက်အခဲများနှင့် သင်ကြားရေးတွင် နစ်နာမှုများရှိနေပြီး ဤကိစ္စကို ကျောင်းသားများ ကိုယ်စားပြု အဖွဲ့အစည်းများမှ သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုနိုင်ရန် ဗကသ များ ပေါ်ပေါက်လာရေး ကြိုးပမ်းခြင်းဟုလည်း ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်မိုးက မဇ္ဈိမကို ပြောသည်။

"ကျောင်းသားတွေက သူတို့ရဲ့ နစ်နာချက်တွေ အခက်အခဲတွေ ရှိတယ်။ အဲဒီ အခက်အခဲတွေကိုတော့ ဖြေရှင်း
ပေးနိုင်မယ့် အဖွဲ့အစည်းတွေကို လိုချင်နေကြတယ်။ ကျောင်းသားအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း လိုနေပြီဆိုတာ သူတို့ သိထားတယ်။ ကျနော်တို့ဟာ ဒီကိစ္စတွေကို ရဲရဲရင့်ရင့် လုပ်ပါတော့မယ်" ဟု ပြောသည်။

လက်ရှိ တက္ကသိုလ်များသည် မြို့နှင့်ဝေးကွာသည့် နေရာတွင် တည်ရှိပြီး အပန်းဖြေရန်၊ အားကစား လိုက်စားရန်နှင့် အားလပ်ချိန်များတွင် လေ့လာနိုင်ရန် စာကြည့်တိုက်များ မရှိခြင်းကြောင့်လည်း လူမှုရေးပြဿနာများ ပေါ်ပေါက် လာနိုင်ပြီး ထိုပြဿနာများကို ဗကသ များ ပေါ်ပေါက်လာပါက ကူညီဖြေရှင်းနိုင်မည်ဟုလည်း ကိုအောင်ကျော်မိုးက ယူဆသည်။

"ကျောင်းတွေဟာ မြို့နဲ့အဝေးကြီးမှာရှိနေပြီး ခြုံပုတ်တွေက ပတ်ခြာလည် ဝိုင်းထားတဲ့အတွက် လူမှုရေး ပြဿနာတွေ
ဖြစ်လာနိုင်တယ်။ နောက်တခုက သူတို့မှာ လေ့လာစရာ စာအုပ်၊ အပန်းဖြေစရာ ပန်းခြံ စတာတွေ ဘာမှမရှိတော့ သူတို့ ကျောင်းအားတဲ့အချိန်မှာ လယ်ကွင်းတွေ၊ ထန်းတောတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်ကြလိမ့်မယ်။ ဗကသ ရှိရင်တော့ ကျောင်းတွေမှာ စာကြည့်တိုက် ဖွင့်တာမျိုးကစပြီး ဒီပြဿနာတွေ နည်းနည်း ထိန်းနိုင်မယ်" ဟု မဇ္ဈိမကို ပြောသည်။

ဗကသများ အဖွဲ့ချုပ် တရားဝင်ရပ်တည်နိုင်ရေးအတွက် ဗဟို စည်းရုံးရေး ကော်မတီကိုလည်း ကော်မတီဝင် ၁၂ ဦးဖြင့် ဇန်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။ ကော်မတီ၏ ဥက္ကဋ္ဌမှာ ကိုကျော်ကိုကိုဖြစ်ပြီး သူသည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ပုဒ်မ၊ ဗီဒီယို အက်ဥပဒေ တို့ဖြင့် ၂ဝဝ၉ ခုနှစ်က ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံခဲ့ရသူဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

ဗကသများ အဖွဲ့ချုပ် တရားဝင်ရပ်တည်နိုင်ရေးဟု ပြောဆိုသုံးနှုန်းသော်လည်း အစိုးရထံ မှတ်ပုံတင်ခြင်း လုပ်မည် မဟုတ်ဘဲ ပြည်သူနှင့် ကျောင်းသားတို့၏ ရင်တွင်သာ မှတ်ပုံတင်မည်ဟုလည်း ကိုအောင်ကျော်မိုးက "ဗကသ ကို မှတ်ပုံတင်ဖို့ဆိုရင်တော့ ဗကသ ကို ကျောင်းသားထုရဲ့ နှလုံးသား၊ ပြည်သူရဲ့ နှလုံးသားထဲမှာပဲ မှတ်ပုံတင်ဖို့ ရှိပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ကို ၁၉၂၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန် တက္ကသိုလ် အတွင်း ဆောက်လုပ်ခဲ့သည့် သမဂ္ဂ အဆောက်အဦးကို သူဌေးဦးညို က တည်ဆောက်လှူဒါန်းခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် တကသ ခေါင်းဆောင်များဖြစ်သည့် ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း စသည့် ခေါင်းဆောင်များက ပြည်သူလူထုကို လှုံ့ဆော်ပေးနိုင် ခဲ့သည်။

ထိုကဲ့သို့ သမိုင်းတွင်သည့် သမဂ္ဂ အဆောက်အဦးကြီးသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက်စောစောတွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရ၏ မိုင်းခွဲဖျက်စီးခြင်းကို ခံခဲ့ရသည်။

ဗကသများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ် ၍ ဒုက္ကဋ္ဌမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

သမဂ္ဂ အဆောက်အဦး မိုင်းခွဲဖျက်စီးခြင်းခံခဲ့ရအပြီး တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရသည့် ဗကသ ကို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း ဥက္ကဋ္ဌ ကိုမင်းကိုနိုင် ဦးဆောင်၍ ယာယီအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။

ကိုမင်းကိုနိုင်က “ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ။ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် လွှတ်တော် ရှိရမယ်။ လွှတ်တော်ရှိရမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် လေ့ကျင့်ပေးနေတဲ့ ကျောင်းသားသမဂ္ဂတွေ ရှိကို ရှိရမယ်။ ဒီမိုကရေစီ တကယ်သွားတယ်ဆိုရင် ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းဖို့ ခွင့်ကို ခွင့်ပြုရမယ်" ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။

Tuesday, 31 January 2012

EU keeps the pressure up on Burm



By AFP
Published: 31 January 2012


EU keeps the pressure up on Burma thumbnail
The EU earlier this month lifted visa bans on the Burmese president and vice president (Reuters)

European Union leaders on Monday urged Burma’s leaders to continue reforms and pledged to further ease sanctions if the regime meets the bloc’s expectations.

“I welcome the important changes taking place in Burma and encourage its government to maintain its determination to continue on the path of reform,” EU president Herman Van Rompuy said in a statement after a summit in Brussels.

“These changes are opening up important new prospects for developing the relationship between the European Union and Burma.

“I look forward to further progress in the coming weeks, in particular the further release of political prisoners, free and fair elections, and halting ethnic conflicts.”

After nearly half a century of outright military rule in the country, the regime has surprised observers with a series of reforms which culminated recently in democracy icon Aung San Suu Kyi standing for a seat in parliament.

The EU agreed in January to begin easing sanctions on Burma to encourage reform, lifting travel bans against the nation’s leaders and pledging further action pending continued change.

“We will continue to ease the EU’s restrictive measures if our expectations are met,” Van Rompuy said.

Separately British Prime Minister David Cameron said it was possible he could visit Burma, following a series of visits by senior western officials including US Secretary of State Hillary Clinton.

Cameron said he would “keep all options open” when asked if would visit the country, but said that Aung San Suu Kyi was on an “extremely busy schedule with these elections and everything else coming up.”

“But we’re going to watch very closely and do anything we can to help frankly,” he said.

Peace Efforts Persist, But a Nationwide Ceasefire Remains Elusive



By WAI MOE Monday, January 30, 2012


In the month of January, the Burmese government successfully concluded some form of ceasefire agreement with the Shan State Army-North (SSA-North) and the Karen National Union (KNU), but was unable to do so with the Kachin Independence Army (KIA) and New Mon State Party (NMSP).

On Tuesday and Wednesday, a delegation from the NMSP and the government’s peace building committee will meet for “peace talks” in Moulmein, the capital of Mon State and the headquarters of the Burmese army’s Southeast Regional Military Command, according to Nai Hang Tha, the general secretary of the Mon armed group.

“Nai Rot Sa, the vice chairman of the NMSP, is leading the Mon delegation to Moulmein, and the government delegation will be led by Railway Minister U Aung Min,” Nai Hang Tha told The Irrawaddy on Monday.

“Within the policy of the UNFC (the United Nationalities Federal Council, an alliance of ethnic groups), the Mon delegation will raise the issue of a ceasefire across the country,” said Nai Hang Tha.

“I do not think there will be any signing ceremony in Moulmein since the meeting is the beginning of the process,” he said.

Although the NMSP is small compared to other ethnic armed groups, it is politically significant and has maintained its policy of demanding a nationwide ceasefire. This position particularly supports the Kachin Independence Organization, which has been engaged in armed conflict with government forces since June 2011.

The SSA-North and its political wing, the Shan State Progressive Party, also held recent talks with the peace building committe, meeting with the team led by Aung Thaung and Thein Zaw in Thaunggyi, Shan State on Saturday.

At the meeting, the SSA-North officials raised the issue of a nationwide ceasefire as well, saying that the government should not enter into ceasefires with some groups and offend others.

After the meeting, however, the SSA-North reportedly signed an agreement with the government negotiators.

According to the state-run-newspaper The New Light of Myanmar, the government and the SSA-North signed a five-point ceasefire agreement on Monday.

The agreement reportedly allows the SSA-North to maintain a base in the Wanhai area of Shan State and to have temporary bases in other locations. It also provides for the opening of liaison offices in Thaungyi, Lashio and Kholan.

Despite the requests of their fellow ethnic armed groups for a nationwide ceasefire, fighting continues in Kachin State between government forces and the KIA.

“Government troops still attack our troops, particularly in the northern Shan State area,” said Awng Jet, a KIA officer in Laiza.

“There was a public assembly in Laiza, where Kachin Independence Organization (KIO) officials explained what is happening in talks with the government delegation,” he said.

A delegation from the KIO, which is the political wing of the KIA, met with the government peace delegation led by Aung Thaung in China’s border town of Ruili on Jan.18-19.

The meeting did not result in a ceasefire agreement, however, and the government troops even attacked KIA bases during the talks.

Aung Thaung told the KIO delegation that the peace process could take three years.

“But the talks between the KIO and the government will continue, probably in the second week of February,” said Awng Jet.

The other major ceasefire agreement signed by Naypyidaw in January was with Burma’s longest-operating insurgent group, the Karen National Union (KNU).

The ceasefire with the KNU was signed on Jan.12 in Hpa-an, the capital of Karen State, by a government delegation led by Aung Min.

During its talks with the government, the KNU delegation proposed an 11-point agreement that included issues such as the halting of human rights violations and forced labor.

As part of the ceasefire agreement that was signed, the government negotiator agreed to include the 11 points as part of future discussions.

After signing the ceasefire, both the government and the KNU will reposition their troops. The KNU held a central committee meeting on Jan.23-25 to discuss the repositioning of troops and the next round of talks with Naypyidaw.

“For building trust in the interest of a ceasefire, dialogue and discussion will be undertaken on the matter of reduction/pulling out and positioning of Burmese government troops in the KNU areas,” the KNU announced in a statement on the day following the central committee meeting.

David Takapaw, the vice chairman of the KNU, said the repositioning of troops would be difficult for the government army since more than 200 government outposts are in KNU areas, but he said he “hopes for the best.”

“The ceasefire agreement is a good step, but it is also a small step in the whole picture of the peace process in Burma,” said Takapaw.

Sunday, 29 January 2012

Burmese Army Stands Behind President



By YAN PAING / THE IRRAWADDY
Friday, January 27, 2012

Burmese military parade during the 65th Anniversary of Armed Forces Day in Naypyidaw. (Photo: AP)

Burmese President Thein Sein’s recent political reform efforts have garnered continuous support within the army, according to military sources.

Many army officers and other rank-and-file soldiers are reportedly in favor of Thein Sein’s administration regarding its meeting with pro-democracy leader Aung San Suu Kyi, peace talks with different ethnic armed groups and the release of a large number of political prisoners.

Many believe that the actions of the new president—who used to follow the direct orders of previous junta chief Snr-Gen Than Shwe—have been improving the image of the army, according to a high-ranking official in Naypyidaw Military Command.

Relations are fine between Thein Sein and Gen Min Aung Hlaing, the commander-in-chief of armed forces, despite a slight rift previously developing between the pair, the official told The Irrawaddy.

“They have good relations. Sometimes the president tried to stop the commander-in-chief when he thought the latter wanted to do anything that came into his mind, that’s all,” said the official.

During his goodwill visit to Thailand earlier this month, Min Aung Hlaing said the Burmese armed forces have no desire to turn backwards while the country is marching towards a democratic future.

In her recent interview with the Washington Post, Suu Kyi emphasized that the army has much more power than necessary.

“Our present constitution gives the military far too much power,” said the Nobel Laureate. “Although the president is the head of state, he is not necessarily the highest power in the land. The commander-in-chief can take over all powers of government at any time he feels it to be necessary.

“I don’t know how much support [Thein Sein] has within the army. He himself is an army man, so I assume there must be considerable support for him in military circles. But that is just an assumption.”

The army under Min Aung Hlaing’s command, however, ignored the president’s order to stop its current offensive against the Kachin Independence Army in northern Kachin State. Critics believe that hardliners in both the military and government have resisted some of the Thein Sein's reforms.

Another senior officer based in an infantry unit in Shan State, who asked to remain anonymous, told The Irrawaddy that the commander-in-chief has been consolidating power by transferring or dismissing high-ranking personnel who were previously appointed by Than Shwe and his deputy Vice-Snr-Gen Maung Aye.

“He asked many colonels in army regional commands such as in Lashio, Shan and Arakan states either to move somewhere else or resign if they don’t want the transfer, so many have chosen the second option,” said the senior officer.

He added that Min Aung Hlaing recently transferred some senior officers, who were earmarked for regional and divisional commander posts before Than Shwe retired, to unimportant positions within the army.

Thein Sein was a graduate of the Defense Services Academy (DSA) Intake 9 and served as Colonel General Staff at the office of the commander-in-chief. He later became the head of the Military Operation Command No. 4 based in Rangoon. In 1997, he served as the commander of Triangle Region Command. He also took the position of the Adjust General within the army.

Gen Min Aung Hlaing was much junior in military rank compared to the president and graduated from DSA Intake 19. In 2001, he served as the commander of Division 44 based in Mon State. He later became the headmaster of Pyin Oo Lwin Military University.

Min Aung Hlaing also took other positions such as head of the Western Command, Triangle Region Command, Bureau of Special Operations and Coordinator of Special Operations (Army, Navy and Airforce).

Thursday, 26 January 2012

Nine Years Sleeping on a Cold Concrete Floor



By THE IRRAWADDY

A number of Burma's political prisoners who were recently released told The Irrawaddy that conditions inside the prisons were deplorable until 1999 when the International Committee of the Red Cross (ICRC) became involved. Many, however, expressed dissatisfaction with the physical environment and said that conditions varied in prisons across the country.

The Irrawaddy reporter Lin Thant spoke to Ko Ko Gyi, the well-known 88 Generation Students Group leader about conditions and his personal experiences inside Mong Hsat Prison, which is situated in a remote location in eastern Shan State.

Ko Ko Gyi was arrested together with his colleagues in 2007 after his involvement in peaceful protests. For his role in the demonstrations, he was handed a 65 and a half year prison sentence.

Having spent nearly 20 years inside, and having done time in Insein, Maubin, Keng Tong and Mong Hsat prisons, Ko Ko Gyi is well qualified to talk about Burma's prison system.

He was released on Jan. 13 under a presidential amnesty.


Question: Based on your personal experience, please tell us the conditions in the different prisons you were detained.

Answer: The prison conditions were quite bad when we were imprisoned for the first time. What I mean is that we were beaten and maltreated and regularly sent to the guard dogs' cells. We were not allowed to read and anyone caught with a piece of paper was given a severe punishment.

However, after the ICRC’s visits to prisons, conditions began to change gradually. For instance, I had to sleep on a cold concrete floor for about nine years until the Red Cross came to inspect the jail. After their visit I was allocated a bed. Also, toilets that had manual flushing were installed, and we were permitted to read books, newspapers and journals.

Q: Were there any situations that did not improve?

A: A political prisoner could previously receive a remission on his or her sentence like other inmates. However, after the changes took place in 1997, he no longer qualified for a remission of his sentence. It was a very bad practice. In prison, we can generally calculate that we have the right to get a pardon on one-third of our sentence in accordance with the jail manual. It means that if a political prisoner was given a 15-year term he should be released after serving 10 years. The issue caused a rift between the political prisoners and the prison authorities. On one hand, the government said there are no prisoners in Burma, but on the other hand our rights were systematically abused. That was the worst thing.

Another issue was that during our second time of imprisonment we were sent to remote prisons, intentionally creating a situation where our families could not contact or visit us regularly. A fortnightly prison visit creates an outlet for frustration for a political prisoner. By having an opportunity to meet and talk with family members a political prisoner can release his/her stress that has been bottled up for the past 14 days.

For example, I was in Mong Hsat prison for over three years, during which time my family visited me only three times. And I would say that I was a bit luckier than many others. There were those whose families could not even afford to come and see them even one time.

So, whether intentional or not, transferring political prisoners to remote prisons was a mental torture for them. While physical conditions in different prisons were improving, psychological torture continued.


Q: How about health care in prison?

A: Even an ordinary citizen has to pay everything for health care under the motto za-yeik-hmya-pay-kyan-mar-yay [Share expenses for health]. But it is worse for a prisoner. Especially in small towns in remote areas, local residents don’t receive adequate health care. For instance, there is neither an X-ray machine nor an eye-doctor nor a dentist.

Speech of General Aung San