Friday 29 April 2011

ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ ဆန်ခါတင် ၅ ဦးကို ဆန္ဒမဲ ပေးေ၇ွးချယ်ခြင်း


အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)

ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ

www.citizenofburma.org

မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ဒုတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ)၌ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။



အဆိုပါဆုအတွက် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ များက မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို ပြည်သူ့ ဂုဏ်ရည် ကျင်းပေ၇း ကော်မတီသ့ို ၂၀၁၁ ခုနှစ် ဧပြီလ ၁၅ ရက် အထိနောက်ဆုံးထား၍့ုအမည်စာရင်းများနှင့်  အဆိုပြုလွှာတင်သွင်း် မှုများပြုလုပ်ခဲ့ ကြပါသည်။



၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ပဏာမ စာရင်းဝင် ၂၀ ဦးများမှာ


အရှင်နာယက၊ ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်း

အရှင်သုမင်္ဂလ (ဒယ်အိုးဆရာတော်)

အရှင်ဇေယျပဏ္ဍိတ၊ မိုးညှင်းသိင်္ဂီကျောင်းတိုက် ဆရာတော် ( ပိုင်းလော့ဆရာတော်)

ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)

သီတဂူဆရာတော် အရှင်ဥာဏိဿရ

ဒေါက်တာနေဝင်း

မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ။ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

လူမှုထောက်ကူအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ရခိုင်သဟာရအသင်းကြီး

ကိုဇာဂနာ

ဒေါ်ရှု၊ သံဃာတော်များနှင့် သီလရှင်များကို ထောင်ဝင်စာ ပေးပို့နေသူ

မဖြူဖြူသင်း၊ တောင်ဒဂုံ အိတ်ခ်ျအိုင်ဗွီစင်တာ တာဝန်ခံ

MAS (Metta, ActionAid, Shalom Foundation) တို့မှ ဝန်ထမ်းများ

ရန်အောင်မြင် ဆွမ်းချက်နှင့် နာရေးကူညီမှု အသင်း

သုခရိပ်မြုံ၊ HIV ကူးစက်ခံမိဘမဲ့ ကလေးများဂေဟာ

အရှင်အာစိဏ္ဏ၊ တေဇာရာမ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း

ဦးမြင့်အေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

နာရေးကူညီမှုအသင်း။ ရန်ကုန်မြို့

ဗြဟ္မစိုရ်အသင်းကြီး (၁၉၉၈ - )

ရွှေခြသေ့င်္ လူမှုစောင့်ရှောက်ရေးအဖွဲ့ - ရွှေဘို


လက်ခံရရှိသော ပဏာမ စာရင်းဝင် ၂၀ ဦးများ အနက်မှ ဆန်ခါတင် ၅ ဦးကို မြို့အသီးသီးရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များက ဧပြီလကုန်အတွင်း ရွေးချယ်ကြမည် ဖြစ်ပါသည်။ အဆိုပါ ဆန်ခါတင် ၅ ဦး (သို့မဟုတ်) ၅ ဖွဲ့၏ အမည်စာရင်းကို မေလဆန်းတွင် ထုတ်ပြန်၍ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာမှတဆင့် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံကာ ဆန္ဒမဲအများဆုံး ရရှိသူကို ၂၀၁၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ပါသည်။



United Kingdom သည်လည်း ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြသော နိုင်ငံများတွင် အပါအ၀င် ဖြစ်သောကြောင့် မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်း ဆန်ခါတင် ၅ ဦးကို စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများဖွ့ ဖြိုးတိုးတက်ေ၇းကို စိတ်ပါဝင်စားသူ မည်သူမဆို အောက်ဖော်ပြပါ ဆက်သွယ်၇န် အီးမေးလ် များမှတဆင် April 29th့ နောက်ဆုံးထား၍ ဆန္ဒမဲ ပေးကြပါ၇န် လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်၇ပါသည်။



ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းအစီစဉ် အပါအ၀င် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။


zawzawaung8888@gmail.com

phonemyintawa@gmail.com

sskaung@gmail.com

mg16may05@gmail.com

htwethinzarhtun@gmail.com


ပြည်သူ့ဂုဏ်ရည်ဆု ကျင်းပေ၇း ကော်မတီကိုယ်စား ( United Kingdom)


အထူးကျေးဇူးတင်ရှိပါသည်။

Wednesday 20 April 2011

အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ


အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ
အင်္ဂလန် နိုင်ငံရောက် မြန်မာမိသားစု များမှ ပါဝင်လှုဒါန်းခြင်း

မြည်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများအား ထိုသူတို့၏ မွန်မြတ်သန့်စင်သော စိတ်စေတနာအပြည့်ဖြင့် ကိုယ်ကျိုးစွန့်် အနစ်နာခံ စွမ်းဆောင် မှုများကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှစ်စဉ် ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Around) ဟု အမည်ပေးထားသော ဂုဏ်ပြုဆု ချီးမြှင့်သည့် အစီအစဉ်တစ်ရပ်ကို အပြည်ပြည် ဆိုင်ရာ မြန်မာမိသားစုများ၏ ကူညီပံ့ပိုးမှု အင်အားဖြင့် အမေရိကန်နိုင်ငံ ရောက် မြန်မာ တိုင်းရင်းသား မိသားစုများက ၂၀၁၀ ခုနှစ် ကနဦးမှ စ၍ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင် ရွက်နေကြသည်မှာ အားကျ ဂုဏ်ယူစရာကောင်းလှပါသည်။
မြန်မာပြည်သားအချင်းချင်း စေတနာ ရှေ့ထား ဝိုင်းဝန်းကူညီသည့် လူမှုဝန်ထမ်း သူရဲကောင်းများ ရွေးချယ်ဂုဏ်ပြုရာတွင် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံနိုင်မှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ပြီးစီးဆောင်ရွက်နိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင်လောက အတွက် စံပြဖြစ်မှု၊ အစရှိသည့် ကောင်းမွန်မြင့်မြတ်သော ဝိသေသ လက္ခဏာများပေါ် မူတည်၍ နှစ်စဉ် မြို့နယ် အသီးသီးမှ တင်မြှောက်သော စကာတင် ငါးဦး အနက်မှ တစ်ဦးအား ဂုဏ်ပြုဆုငွေ ချီးမြှင့်သော အခမ်းအနား ဖြစ်ပါသည်။
၂၀၁၀ ခုနှစ် “ ပြည်သူ့ဂုဏ်ရည်ဆု ” ချီးမြှင့်ခြင်း အစီအစဉ်၌ ဂုဏ်ပြုရေး အဖွဲ့များမှ အများဆုံး ဆန္ဒပြုခံရသူ ငါးဦး၏ လူမှုရေးလုပ်ဆောင်ချက် မှတ်တမ်းအကျဉ်းကို တင်ပြပြီး သတ်မှတ်ကာလ (ဧပြီ ၇ ရက်မှ ဧပြီ ၂၁ ရက်အတွင်း) ပြည်တွင်းပြည်ပရှိ မြန်မာတိုင်းရင်းသား မိသားစုများထံမှ ဆန္ဒမဲကို ဝက်ဘ်ဆိုဒ် (www.citizenofburma.org)
မှတဆင့် တောင်းခံခဲ့ရာ ပထမ မဲအများဆုံး ရရှိသူ စုစုပေါင်းမဲ၏ ၃၇.၃၇ % ကိုကျော်သူ ဥက္ကဋ္ဌ (နာရေးကူညီမှုအသင်း) ကို နိုင်ငံတကာရှိ မြန်မာတိုင်းရင်းသား မိသားစုများမှ ရင်းနှီး မတည်လှူဒါန်းငွေ ဂုဏ်ပြုဆုငွေ အားထိုက်ထိုက်တန်တန် ချီးမြှင့် နိုင်ခဲ့သည်မှာလည်း မြန်မာနိုင်ငံသား များအားလုံးအတွက် ကျေနပ်ဂုဏ်ယူဖွယ်ရာ၊ လေးစားအားကျစရာ၊ လူမှုလုပ်ငန်းကူညီရေး အောင်မြင်မှု တစ်ခုပင် ဖြစ်ပါသည်။
ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု (၂၀၁၁) ခုနှစ် အတွက် မြို့နယ်အသီးသီး အလိုက် လူမှုရေး စေတနာ့ ဝန်ထမ်း အာဇာနည်များ၏ အမည် တင်သွင်းမှုကို (www.citizenofburma.org) ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း တင်သွင်းခြင်း ကဏ္ဍမှ လည်းကောင်း (သို့) ဆက်သွယ်ရန် လိပ်စာအတိုင်း စာတိုက်မှတဆင့် ပေးပို့ခြင်းဖြင့် လည်းကောင်း၊ ၃၁ ရက်၊ မတ်လ ကို နောက်ဆုံးထား၍ တင်သွင်းခြင်းဖြင့် ကူညီပံ့ပိုးပေးနိုင်ပြီ ဖြစ်ပါသည်။
မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများအား ဝိုင်းဝန်း အားဖြည့်ကူညီမှု ပေးရာ တွင် မြို့နယ်ဒေသ အသီးသီးရှိ လူမှုရေးလုပ်ငန်း စွမ်းစွမ်းတမံ လုပ်ဆောင်နေသူများအား ဂုဏ်ပြု ရွေးချယ်ခြင်း အစီအစဉ်တွင် ပါဝင်နိုင်ရန် (က) လိုအပ်သောအချက်အလက်များ ရှာဖွေစုဆောင်း ပေးခြင်းအားဖြင့် လည်းကောင်း၊ (ခ) စေတနာ့ ဝန်ထမ်း လူမှုရေးလုပ်ငန်းများအား ရေရှည်ပံ့ပိုး ကူညီမှု ဖြစ်ထွန်းနိုင်မည့် ရန်ပုံငွေ စုဆောင်းခြင်းအားဖြင့် လည်းကောင်း ပါဝင်ကူညီ နိုင်ကြပါသည်။
အင်္ဂလန်နိုင်ငံ သည်လည်း ၂၀၁၀ ခုနှစ်မှ စတင်၍ “ ပြည်သူ့ဂုဏ်ရည် ထူးချွန်ဆု ချီးမြှင့် သည့်အစီအစဉ်” တွင် တစ်ဘက်တစ်လမ်းမှ ကူညီခဲ့ရာ ၂၀၁၁ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲ ရန်ပုံငွေ ရှာဖွေရေး ကဏ္ဍ၌ ပါဝင်လှူဒါန်းသည့် နိုင်ငံတကာမိသားစုများ နည်းတူ အင်္ဂလန်နိုင်ငံမှ လှူဒါန်းငွေ “ $500 ” ကို လှူဒါန်းနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိပါသည်။
ထက်သန်သော စေတနာ၊ မြင့်မြတ်သော နှလုံးသားဖြင့် လူသားများကောင်းကျိုးကို စွမ်းစွမ်းတမံ ကူညီစောင့်ရှောက်မှုပေးနေသည့် နှလုံးလှ လူမှုဝန်ထမ်း သူရဲကောင်းများ၏ လူမှုအကျိုးပြု လုပ်ငန်းများကို ပိုမိုထိရောက် တွင်ကျယ်မှုရှိစေရန် အင်္ဂလန်နိုင်ငံရောက် ညီ၊အကို၊ မောင်၊နှမ တိုင်းရင်းသားမိသားစုများမှ တတ်အားသရွေ့ ဝိုင်းဝန်းကူညီ လှူဒါန်းမှုဖြင့် ပံ့ပိုးပေးကြ ပါရန် အင်္ဂလန်နိုင်ငံရောက် တိုင်းရင်းသား ညီအကိုမောင်နှမ များအား လေးစားစွာ အကူအညီ တောင်းခံ ပန်ကြားအပ်ပါသည်။
- အနဲဆုံး ၁ ပေါင်မှ စ၍ မိမိတို့ တတ်အားသရွေ့ အနဲအများ မဆို ပါဝင်လှူဒါန်း နိုင်ကြ ပါသည်။
- ကျင်းပရေး ကော်မတီ သို့ အလှူငွေ ပေးပို့သည့်ရက်စွဲမှာ မေလ ပထမ အပါတ် ဖြစ်ပါ သဖြင့် ဧပြီလ (၂၀) ရက်မတိုင်မီ အောက်ပါ ဆက်သွယ်လှူဒါန်း နိုင်သူများထံသို့ လှူဒါန်း နိုင်ကြပါသည်။

မ ကြူ juliakyu77@yahoo.co.uk
ထက်ခေါင်လွင် mg16may05@gmail.com
ထွေးသင်ဇာ htwethinzarhtun@gmail.com
နနာထွန်း nandar313@gmail.com

England ရောက် မြန်မာ တိုင်းရင်းသား မိ သားစု (ပြည်သူ့ဂုဏ်ရည်ဆု ဖြစ်မြောက်ရေးကော်မတီ ကိုစား)
“လူသားများ အကျိုးကို ရှေးရှုလျက်
မိမိတို့၏ ကောင်းမွန်မြင့်မြတ်သော စေတနာ အလှူဒါန များကို
သာဓု ခေါ်နိုင်ကြပါစေ”

အင်္ဂလန် နိုင်ငံ ရောက် မြန်မာတိုင်းရင်းသား မိသားစုများ

Speech of General Aung San