ခွပ်ဒေါင်:

ခွပ်ဒေါင်းတို့ အားမာန် Read more...


လွပ်လပ်ေေ၇း ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသော လွပ်လပ်ေေ၇း ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အစ၇ှိသော ပေးဆပ်တိုက်ပွဲဝင်နေသူ အချို့၏ မိန့်ခွန်း၊ အတွေးအခေါ်တို့ ကို တက်အား သ၍ ရှာဖွေစုစည်းတင်ပြခြင်းသာ ဖြစ်ပါသည်။ သူတို့၏ ပေးဆပ်မှု၊ အနစ်နာခံမှုကို ထာဝစဉ်မမေ့ကြပဲ အားကျ အတုယူ လေးစားကာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကိုယ်တိုင်ပါဝင်နိုင်ကြပါစေ

အချက်အလက်များကို ၀က်ဆိုဒ်များ၊ သတင်းမီဒီယာများ၊ ဘလော့ခ်များ၊ စာအုပ်စာတန်းများမှ ရယူပါသည်။ ဖော်ပြပေးသော ၀က်ဆိုဒ်အားလုံးကိုလဲ အထူးပင် ဂုဏ်ပြုလိုက်ပါသည်။
  ……….



တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၁၅၊ ၂၀၁၂

ဒေါင်းသူရဲကောင်း မင်းကိုနိုင် ရဲ့ ရန်ကုန်အ၀င် မိန့်ခွန်း . .

ကျွန်တော် မတ်တပ်ရပ် ပြီးတော့ ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။
အခုဆိုရင် ကျွန်တော်လို့ မတ်တပ်ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး
အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊
နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ
အရင်းတွေနဲ့ အတူထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။ အဲဒီလို ပြည်သူလူထု
တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။
အဲတာကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

အခု ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ မိဘများရှေ့မှာ ကျွန်တော် ပြောချင်ပါ
တယ်။ အဲဒီ ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ ဒုတိယမိဘများပါပဲ။ ကျွန်တော်ဟာ
မိဘရင်းနှစ်ပါးက မွေးတာမှန်ပေမယ့် အကြောင်းကြောင်းသော
အကြောင်းကြောင်းကြောင့် ၈၈မှာ နိုင်ငံ့ဝန်ကို ထမ်းခဲ့ပါတယ်။ ဒေါင်းအလံကို
ကျွန်တော့်အဖေရဲ့ဆီဆေးတွေနဲ့
ုခြယ်ပြီးတော့ ကျွန်တော် ထွက်သွားခဲ့ရပါတယ်။

အခုမှ ကျွန်တော် အမေအိမ်ကို
နောက်တစ်ခေါက် ပြန်ရောက်ရပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ များပါပြီ။
ပထမ တစ်ခေါက်တုန်းက ကျွန်တော် ၁၆နှစ်ထောင်ကျပြီး ကျွန်တော် တိတ်တဆိတ်လေး
အိမ်ကို ပြန်ခဲ့ရပါတာပါ။အခုကျတော့ ခေတ်ပြောင်းလာတယ်လို့ လွယ်လွယ်
ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လွယ်လွယ်နဲ့ရတာမဟုတ်ပါဘူး။
ဘာကြောင့်လဲ။ အားလုံးလည်း သိကြပါတယ်။ လောကကြီးမှာ အလကားရတာ ဘာမှ
မရှိပါဘူး။
သရက်မြို့က ထွက်လာတဲ့ လမ်းတလျှောက်မှာ ခွပ်ဒေါင်းအလံတွေ ထူပြီးတော့
လမ်းတလျှောက်မှာ ပိတ်ဆို့ထားတာ စင်မြင့်တွေ ထားပြီးတော့ အသံချဲ့စက်တွေ
ထားပြီးတော့ နောက်ဆုံးဗျာ ရဲတပ်ဖွဲ့ကတောင် လာပြီးတော့ အကူအညီပေးရတယ်။
ပေးဆပ်ခဲ့လို့ပါ။ ထိုက်ထိုက် တန်တန် ပေးဆပ်ခဲ့ရလို့ ထိုက်ထိုက်တန်တန်
ပြန်ရတယ်လို့ ယူဆပါ တယ်။

နောက်ထပ်တစ်ဆင့် ဒီမိုက ရေစီ ပိုပါတယ်။ လိုချင်ကြတယ် မ ဟုတ်လား။
လိုချင်တယ်ဆိုရင် နောက်ထပ် ထိုက်ထိုက်တန်တန်ကြိုး စားရဦးမယ်ဆိုတာလည်း
လက်ခံ တယ်မလား။ ထိုက်ထိုက်တန်တန် ပေးဆပ်ဖို့အတွက် ခွန်အားတွေရော
ရှိသေးတယ် မဟုတ်လား။ ကျွန်တော်တို့က ဓားမှန်းသိအောင်လို
ဓားအိမ်ကောင်းကောင်း ပြစားရုံနဲ့ ဓားမှန်းသိတယ် ဆိုရင်တော့
လုံလောက်တယ်ပေါဗျာ၊ မဟုတ်ရင်တော့ တစ်ခါ တစ်ခါကျရင် ဓားမှန်းသိအောင်
ဓားအိမ်ထဲကနေ ထုတ်ပြရတာလေးတွေလည်း ရှိတာပေါ့။ အဲဒီ သတ္တိမျိုးကော
ရှိသေးလား။ ဒါဆိုလို့ရှိရင် လောလော ဆယ်ကတော့ စည်းကမ်းရှိပြီး ညီညွတ်ဖို့
လိုပါတယ်။

အခုချိန်မှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို နောက်ဆုံး
ပြောပြပါ့မယ်။ လမ်းတလျှောက်လုံးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက
ကျွန်တော်တို့ကို လုံးဝ နှောက်ယှက်တာ မရှိဘူး။ တားမြစ်တာ မရှိဘူး။
စိတ်ငြိုငြင်အောင်လို့ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တစ်ခါတစ်ရံ
လမ်းတွေပိတ်ဆို့သွားတာရှိရင် ကျွန်တော် တောင်းပန်တယ်။ ဖယ်ခိုင်းတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ကြောင့် လမ်းပိတ်သွားတယ် ဆိုတာမျိုး
အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆို ရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့
ထိုက်တန်တယ်ဆိုတာ ပြရမယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်အောင်ဆိုရင်
စည်းကမ်းမဲ့တာတွေကို ကျွန်တော်တို့ စပြီးတော့ ရှောင်ကျဉ်ရမယ်။
အားလုံးဟာ အနှစ် ၂၀ကျော် ဘဝတွေ များစွာ၊ အသက်တွေ များစွာ ပေး ခဲ့ပြီးမှ
ရခဲ့တာ၊ လမ်းမှာ ကျွန်တော် တွေ့ခဲ့တယ်။ တစ်ချို့ လယ်ထဲတွေ
ကနေတက်လာပြီးတော့ ရွာသူမလေးတွေက ငိုတာ၊ ဘာ ဖြစ်လို့ ငိုတာလည်းလို့
မေးကြည့် တဲ့အခါ တစ်ချို့အရပ်တွေမှာ သူတို့ သားတွေ၊ သူတို့မောင်တွေဟာ
ထောင်တွေထဲမှာအသက်ပေးလိုက် ရတဲ့ ကျောင်းသားတွေ၊ အဲဒီတော့ သူတို့က
ပြောတယ်။ မင်း ကံ ကောင်းပါတယ်ကွာတဲ့၊ ငါတို့မောင် လေးဆိုရင်
မရှိတော့ဘူးတဲ့၊ ကျွန်တော် အင်မတန်ခံစားရတယ်။ နောက် အဘိုးကြီးတစ်ယောက်က
ကျွန်တော့်ကို ပြောတယ်။ ငါဟာ လူအို တစ်ယောက်ပါကွာတဲ့။ နောက်ထပ်တစ်ခါ
မင်းတို့ကို ထောင်မကျစေချင်တော့ဘူး။ နောက်ထပ်တစ်ခါ မင်းတို့ကို
မမြင်ရက်ဘူး။ အဲဒီ အဖြစ်မျိုးကို ငါမကြုံချင်တော့ဘူးတဲ့။ အဲဒီတော့
အဲဒီလို မကြုံစေချင်ဘူး။ အဲဒီလို မိတစ်ကွဲ ဖတစ်ကွဲနဲ့ မိဘပြည်သူတွေရဲ့
မျက်ရည်တွေကို ကျွန်တော်တို့ မမြင်ရက်တော့ဘူး။ အမှန်တကယ်ကတော့ မျက်ရည်ကို
သုတ်ပေးရပေမဲ့ ကျွန်တော်တို့အပေါ်ကို မျက်ရည်ကျခဲ့ရတဲ့ ဘ၀၊ အဲဒီလို
အနိဌာရုံ၊ စနစ်ဆိုးကြီးတွေကို မချုပ်ငြိမ်းစေချင်ဘူးလား၊
ညနေပြန်လို့ရှိရင် မိသားစု ထမင်းဝိုင်းတွေ အိမ်မှာ လူစုံတာမျိုးကို
ကျက်သရေ မရှိဘူးလားဗျာ။ တကယ်ပါ။ ဘယ် မိသားစုမဆို မိသားစုစုံညီ
ထမင်းဝိုင်းလေးတွေကို မြင်ချင်ကြမှာပါ။

နောက်ဆုံး နိုင်ငံရေး လုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ထောင်ကျကျ၊ မကျကျ
အကြောင်းကြောင်းကြောင့် တိုင်းတပါးမှာ ဆင်းဆင်းရဲရဲနဲ့ အသက်မွေးခဲ့ရတဲ့
မိသားစုတွေ အများကြီး ရှိပါတယ်။ ကွဲကွာနေရတယ်။ အားလုံးက ကိုယ့်မိသားစုနဲ့
ကိုယ် နွေးနွေးထွေးထွေး နေပြီးတော့ ညနေကျရင် လူစုံအိမ်၊ လူစုံတဲ့အိမ်
လူစုံတဲ့ ထမင်းဝိုင်းဖြစ်အောင်လို့ အားလုံးဝိုင်းပြီးတော့ အလုပ်လုပ်နိုင်
ကြမယ် မဟုတ်လား။

ကောင်းမွန်တဲ့ ရည်ရွယ်ချက် ယုံကြည်ချက် အဲတာတွေ အားလုံးအတွက်
ကျွန်တော်တို့ လက်တွဲကြမယ်ဆိုရင် အဖွဲ့အစည်း အစွဲအလန်းမထားပဲ လက်တွဲမယ်။
သဘောတူပါသလား။ ဘယ် အဖွဲ့အစည်း ဝင်သည်ဖြစ်စေ၊ မဝင် သည် ဖြစ်စေ၊
ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ တစ်ပိုင်တစ်နိုင်ပေါ့။ ခုနက တစ်ယောက်က
ပြောပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာပြောချင်လဲတဲ့။ အဲတာကတော့
နောက်ဆုံးကျတော့ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ ရင်ခွင်ကို
ခွပ်ဒေါင်းအလံနဲ့ အတူ အိုးဝေ အိုးဝေအသံပေးပြီးတော့ ဟိုးတုန်းက၊ ၈၈ က
ဒေါင်းတွေ ပြန်ရောက်ပါပြီ။ မိဘ ပြည်သူတွေရဲ့ ရင်ခွင်ကို ကျွန်တော်
ပြန်ရောက်ပါပြီလို့ ပြောရင်း နှုတ်ဆက်ပါတယ်။




"ယခုခေတ် ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နဲနဲမျှ မတူတော့ဘူးဆိုတာ ကောင်းကောင်းသတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနဲ့ လောင်စာသာ ကျန်တော့တဲ့ ဘ၀ဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်ရမယ်။"
(ဗိုလ်ချုပ်အောင်ဆန်း၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ)




ဇာတိမာန်နဲ့သေကြပါ။
ရန်သူကမိရင်
လက်အားရင် လက်နဲ့ထိုး
ခြေအားရင် ခြေနဲ့ကန်ပါ။
နောက်ဆုံးပါးစပ်အားနေရင်
ပါးစပ်နဲ့ ကိုက်ပြီးမှ
ရဲရဲသာ သေပြလိုက်တာပေါ့။
ဗိုလ်ချုပ်အောင်ဆန်း
( ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား )




“ကျနော်တို့ က ဒီမိုကေ၇စီ ဖြစ်ပေါ်ပြောင်းလဲမှုကိုပဲ
တောင့်တတယ်။
ပြည်သူလူထုတစ်၇ပ်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ 
ငြိမ်းချမ်းသောနည်းကိုပဲ
ကျနော်တို့ေ၇ွးချယ်မှာဖြစ်တယ်။”
(မင်းကိုနိုင်)



အခုအခြေအနေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ထောင်ချည်းဘဲ။ ဒီထောင်ကြီးထဲကနေ ထောင်သေးလေး ကို ၀င်သွားရမှာ ဘာဖြစ်လို့ ကြောက်နေရမှာလဲလို့ ကျွန်မတို့ပြန်မေးရပါမယ်။
(ဒေါ်အောင်ဆန်းစုကြည်)


လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့
နေရကျိုးလည်း မနပ်ပါဘူး။
အဲ့ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန်မတို့ရဲ့ လမ်းစဉ်အောင်မြင်ရေးအတွက် လုပ်ကြပါ။
(ဒေါ်အောင်ဆန်းစုကြည်)



  ကျွန်မတို့လွတ်လပ်မှုတွေမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုတွေကို အသုံးချကြပါ။
 (ဒေါ်အောင်ဆန်းစုကြည်)



မြင်ရင်လဲမြင်တယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့။
လျစ်လျှူမရှုထားကြပါနဲ့။
တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်က
ရပ်တည်ပေးကြပါ။
ဒါတွေဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။
 (ဒေါ်အောင်ဆန်းစုကြည်)



ကျွန်မတို့က နိုင်ငံရေးသမားတွေပဲ
နိုင်ငံရေးအရ လူ့အဆင့်အတန်းကို
ကျွန်မတို့က မြှင့်တင်နိုင်ရမယ်။
နိုင်ငံရေးအရ လူ့အဆင့်အတန်းကို
မြှင့်တင်နိုင်မှ ကျွန်မတို့ဟာ
လူဖြစ်ရကျိုးနပ်တယ်လို့ သတ်မှတ်နိုင်မယ်။"
 (ဒေါ်အောင်ဆန်းစုကြည်)



တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ
ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အုပ်ချုပ်တာပဲဖြစ်ရမယ်။
လက်နက်အားကိုးနဲ့အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူး ဆိုတာ
မွေးကတည်းက ကျွန်မကိုသင်ထားတဲ့၊ သိခဲ့တဲ့
သင်ခန်းစာပါပဲ။
(ဒေါ်အောင်ဆန်းစုကြည်)



မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ
အမျိုးသားရင်ကြားစေ့ရေးမပါဘဲ
ကျင်းပတဲ့ရွေးကောက်ပွဲဟာ
တရားဝင်မှာ မဟုတ်ကြောင်း
ကုလသမဂ္ဂအနေနဲ့
ဆုံးဖြတ်သင့်တယ်လို့ ပြောလိုလိုက်ပါတယ်။
 (ဒေါ်အောင်ဆန်းစုကြည်)




လုပ်လည်းလုပ်ရမယ်၊ ခံလည်းခံရမယ်၊ ကိုယ်လုပ်လို့ကိုယ်ခံတယ်ပေါ့။
မလုပ်ပဲနဲ့ခံတာတော့ ခံရကျိုးမနပ်ဘူး။
အဲ့ဒီတော့ ပထမလုပ်လိုက်၊ လုပ်ပြီးမှ ခံမယ်။
(ဒေါ်အောင်ဆန်းစုကြည်)



ခံရဲတာ
သတ္တိ ဆိုတာ မှန်ပါတယ်
ဒါပေမယ့်
လုပ်ရဲတဲ့သတ္တိလည်း
၇ှိဘို့ လိုပါတယ်။"
(ဒေါ်အောင်ဆန်းစုကြည်)



 ၈၈မျိုးဆက် ခွပ်ဒေါင်းမော်ကွန်း
 သူတို့ကို မြင်တာနဲ့ ခွပ်ဒေါင်းအလံတော်ကို မြင်လာတယ် . . .
ခွပ်ဒေါင်းအလံတော်ကိုမြင်ရင် သူတို့ကို မြင်လာတယ် . . .
ခွပ်ဒေါင်းအလံတော် ဆိုတာ . . .
ကိုလိုနီခေတ်က လူမျိုးခြားကျွန်ဘဝမှာ . . .
ငါတို့သမဂ္ဂအလံတော်ကို
ငါတို့အမျိုးသား ကဒေါင်းအလံ သုံးခွင့်မပြုနိုင်ဘူးလို့
တားမြစ်ချုပ်ချယ်ခဲ့တဲ့အတွက်
ငါတို့ဘိုးဘွားတွေက . . . ရတဲ့နည်းနဲ့ ဖန်တီးဖီဆန်ခဲ့ကြတဲ့ ခွပ်ဒေါင်း . . .။
ခွပ်ဒေါင်း ဆိုတာ . . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ
မတရားမှုမှန်သမျှကို
ဆန့်ကျင်တော်လှန်တယ်. . .
အဲဒီအလံတော်ထဲမှာ ခွပ်ဒေါင်းက စက်ဝိုင်းကို ဖောက်ထွက်နေတာ . . .
ဖိနှိပ်ချုပ်ချယ်မှုမှန်သမျှ ဖောက်ထွက်ဆန့်ကျင်မယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ . . . ။
ဟုတ်တယ် . . . သူတို့ဟာ ငါတို့ခေတ်ရဲ့ ခွပ်ဒေါင်းတွေ . . .
ကာလများစွာ . . . သမိုင်းစာမျက်နှာမှာ ပျောက်ရှနေတဲ့
ခွပ်ဒေါင်းကို မန်းမှုတ် . . .
အသက်သွင်းပေးခဲ့တဲ့သူတွေ . . .
အဲဒီ ခွပ်ဒေါင်းကြီးက . . . ကျောင်းပရဝုဏ်ကနေ ပျံဝဲ . . .
မြန်မာပြည် မှိုစွဲသလို စွဲနေတဲ့
အာဏာရှင်စနစ်ကို ဆုတ်ဖြဲပစ်လိုက်စေခဲ့တယ် . . .
ရှစ်လေးလုံး တဲ့ ဟေ့ ။
၈ ၈ ၈ ၈ ဆိုတာ . ..
အဲဒီ ခွပ်ဒေါင်းတွေက မွေးဖွားခဲ့တာ . . .
ခု ခွပ်ဒေါင်းတွေ ပျံလာပြီ . . .
မြန်မာပြည်ရဲ့ အချုပ်အနှောင် အတားအဆီး
အဓမ္မမှန်သမျှ အံတုကြမယ့်
၈၈ မျိုးဆက် ခွပ်ဒေါင်းတွေ . . . . .။ ။
(ချိုတူးဇော်)
(ကျနော်တို့ရဲ့ ၈၈ ခွပ်ဒေါင်းသူရဲကောင်းများ အတွက်
ဆန်ဖရန်ရောက်နေတဲ့ ကဗျာဆရာက မော်ကွန်းရေးထိုးပေးပါတယ်)
--

အမိမြန်မာပြည် အကျဉ်းထောင်အသီးသီးမှာ 
မတရားအကျဉ်းကျခံနေကြရတဲ့
ဖြူစင်တဲ့ ခွပ်ဒေါင်းများ အမြန်လွတ်မြောက်ကာ 
ကျန်းမာစွာ ခွပ်နိုင် ကနိုင်ကြပါစေသတည်း။
" ဒေါင်းပျိုထိုးဆွတ် ၊ ဘယ်ညာခွပ်၍ 
လွတ်လပ်ရလေ၊တို့တတွေသည်။ 
အိုးဝေ ကျေးဇူးပါတကား။" 




အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)

ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။




မေတ္တာ၇ှင်ဧ။်လက်
မေတ္တာ၇ှင်ဧ။်လက်
ထာ၀၇မှောက်လျက်
ပေးသောလက်။
မေတ္တာငတ်သူ
လက်ဖြန်.ယူပါ။
မေတ္တာပေး
မေတ္တာပြန်၇ခြင်း
မေတ္တာပြန်မ၇ခြင်း
စဉ်းစားစ၇ာအလုပ်
မေတ္တာရှင်အတွက် မဟုတ်။
မဆုတ်ယုတ်သောသဒါ
မေတ္တာ၇ှင်ဧ။်လက်
ထာ၀၇မှောက်လျက်
ပေးသောလက်။
(မင်းကိုနိုင်)
၁၁ ၊ ဖေဖော်ဝါ၇ီ၊ ၁၉၉၃

 ‘8888’
Slavery by Foreigners
Slavery by military dictators
No slavery is tolerated
The flag of the Peacock!
Atop the wall of the student union
We will once again plant ‘Daun A Larn’ the Peacock flag
By Min Ko Naing 08 August 2007





သမိုင်း မ၇ိုင်းဘို

ပိုင်စံရှား ခွပ်ဒေါင်းစိတ်ဓါတ်ကို
ဦးခေါင်းထိပ်မြတ်မှာ
မပြတ်ကာအစဉ် ဆင်မြန်းလျက်
မြော်မှန်းချက်ဘ၀ပန်းတိုင်ကို
အရလှမ်းကိုင်ဘို့ အားသွန်ပေး ။ ။
ရေတက်ငါးဆင်ရိုင်းလို့
သမိုင်းမတွင်ရဘို့
ရှေ့သို့ ရွေ့စို့ မရပ်မနား
ပြတ်သားအဓိဋ္ဌာန်ကြ ၊ ။
အများအကျိုးကိုရွယ်
ကိုယ့်အကျိုးကိုပယ်
ကိုယ် ကြွယ်ဝဘို့ဘေးချိတ်ကာ
တွေးထိတ်ပါ သမိုင်းတရားခံမဖြစ်ရန်
ဓားစာခံပြည်သူတွေ စစ်ကျွန်ဘဝ
နစ်ကျွံမကျအောင်
ဖော်ဆောင်ကြိုးပမ်းမှ
ပြည်သူ့ဘ၀တွေလှ ။ ။
(ကြိုင်လှမောင်မောင် ၂၀၀၉ ၊ ၀၈ ၊ ၀၈ )




ရှစ်လေးလုံးစိတ်ဓါတ်

အနှစ် ၂၀ ကြာခဲ့

အမြစ်တွယ်လာတဲ့ ရှစ်လေးလုံးစိတ်ဓါတ်

ချင့်တွေးမဆုံး သိပ်မြတ်တဲ့ လူထုတိုက်ပွဲ

လူတစုမိုက်မဲမှုကို ဖြိုလှဲပစ်ကာအစဉ်

စစ်အာဏာရှင်စံနစ်ကို ဆန့် ကျင်အာခံ ၊ ။

လှည်းနေလှေအောင်း မြင်းဇောင်းမကျန်

အတွင်းအောင်း မခံနိုင် မတရားမှုကို

အများထုက ကလော်ရန်

အားစုလို့ တော်လှန် ။ ။

သားသုံးသား ညီတူ

ပြည်သူနဲ့ လက်တွဲလျက်

ဆက်နွှဲချက်ကိုက

ဖြိုကျ မဆလ မှုန်းမှုန်းညက်ညက်

သမတသုံးဆက်လဲဖြုတ်၊ ။

အဘက်ဘက် အမှားအမျိုးမျိုးနဲ့ 

လက်နက်အားကိုး

ဆက်လက်ဓါးမိုး ဖိနှိပ်တဲ့ န၀တ-နအဖ ချုပ်ငြိမ်း

မလှမပ ရုတ်သိမ်းရမဲ့ သရုပ် ။

(ကြိုင်လှမောင်မောင် ၂၀၀၈ ၊ ၀၈ ၊ ၀၁ )


  ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း အချို့ရဲ့ ရင်တွင်း ခံစားမှု တချို့ ... ➐ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။


★ ခံစားမှု (၁)။★


ကျောင်းတော် ခရီး
လမ်းမကြီး၌
သွေးစီး ပွက်ပွက်
ခုနစ်ရက်နေ့
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင် အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ ကောင်းရာ လားစေသော်ဝ်။


★ခံစားမှု (၂)။★

လက်သီး ဆုပ်လျက် ၊ ကြွေးကြော် တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသား လူရွယ် ရဲဘက်များ ...
နီရဲ ပူနွေး သတ္တိ သွေးကား
စွန်းထင်း ကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီ တကား
သြော် ....
သမိုင်း စာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့သွေး ကွက်မူ
အသူဖျက်၍ ရအံ့နည်း။



★ခံစားမှု (၃)။★

သူရူးမ တစ်ယောက်
သားပျောက် ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်း ဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့

★ခံစားမှု (၄)။★


ငါ့ရင်ဝတွင် ကျည်ဆံ ၀င်၍
သွေးရှင် လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်း ငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင် ဆန္ဒ မရမချင်း
အားမာန် တင်း၍
လက်ငင်း တိုက်ပွဲဝင်ကြပါ။
(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း များကနေ ခံစားရေးဖွဲ့ခဲ့ကြမှု များထဲမှ အချို့အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။



 ကြယ်တွေ ပြိုင်တူလင်းဖို့ လိုတယ်

သုညတလုံးဟာ
ရှေ့ မှာမနေသင့်ဘူး

မင်းတို့ နေရာပျောက်မှာ ကြောက်တာနဲ့ 
ခမ်းမတခုလုံးဖျောက်ထားရသလား။

မိုးကြိုးလျပ်စီးရယ်
မင်း..ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်းခဏဘဲ လင်းမှာပါ
လမင်းတော့ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓါတ်တွေနဲ့ တော့
ဘယ်ကိုမှာရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ့်လမ်းဟာ
ကြမ်းတော့ကြမ်းလိမ့်မယ်။

ရှေ့ မှာလည်း
တစ္ဆေတကောင်
သေနတ်ကိုင်ပြီးစောင့်နေတယ်။

တစ္ဆေမကြောက်သင့်တဲ့ အချိန်မှာတော့
ငါတို့ မျက်လုံးတွေ ကန်းသင့်ရင်ကန်း ထားရလိမ့်မယ်။

ပြီးတော့
တောက်ပတဲ့မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုဘဲတည့်တည့်ကြည့်ပြီး
ရဲရဲဝံ့ဝံ့ လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။ 

ကဗျာဆရာ- ကောင်းကင်ကို



Speech of General Aung San