Saturday 4 September 2010

Boycott 2010 Election

Englandနိုင်ငံ ရောက် မြန်မာကျောင်းသားများမှ စစ်အစိုးရ၏ မတရားသော၂၀၁၀ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြခြင်း အခမ်းအနားကို လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများမှဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျောင်းသားညီအကိုမောင်နှမများကိုလည်း ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြပွဲ
ဖြစ်မြောက်ရေးအဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သော သူငယ်ချင်းကျောင်းသားညီအကိုမောင်နှမများကိုလည်း နောင်လာမည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျွန်တော်တို့နှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။



အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ

No comments:

Speech of General Aung San