Monday 20 September 2010

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲ။ 3rd anniversary of Saffron revolution


၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရ၏အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အသက်ပေးသွားရရှာသော ရဟန်းရှင်လူကျောင်းသားပြည်သူ များအားရည်စူး၍ အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှဦးဆောင်ပြီး မီးထွန်းဆုတောင်းပွဲကျင်းပပြုလုပ် ခဲ့ ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက် ခဲ့သည်။

Thursday 9 September 2010

ပဲခူး မြို့မှ လူငယ်နှစ်ဦးအား စစ်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်ကိုကန့် ကွက်ခြင်း

စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ ရဟန်ရှင်၊ ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ အသက်ဟာ တိရိစ္ဆာန်တွေလောက်မှ တန်ဘိုးမထား တဲ့ စစ်အစိုးရ၏ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို England နိုင်ငံ ရောက် မျိုးချစ်မြန်မာကျောင်းသား၊ လူငယ်များမှ လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများမှဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျောင်းသားညီအကိုမောင်နှမများကိုလည်း ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြပွဲ
ဖြစ်မြောက်ရေးအဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သော သူငယ်ချင်းကျောင်းသားညီအကိုမောင်နှမများကိုလည်း နောင်လာမည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျွန်တော်တို့နှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။



အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ

Saturday 4 September 2010

Boycott 2010 Election

Englandနိုင်ငံ ရောက် မြန်မာကျောင်းသားများမှ စစ်အစိုးရ၏ မတရားသော၂၀၁၀ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြခြင်း အခမ်းအနားကို လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများမှဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျောင်းသားညီအကိုမောင်နှမများကိုလည်း ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြပွဲ
ဖြစ်မြောက်ရေးအဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သော သူငယ်ချင်းကျောင်းသားညီအကိုမောင်နှမများကိုလည်း နောင်လာမည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျွန်တော်တို့နှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။



အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများ

Speech of General Aung San