Friday 7 October 2011

Irrawaddy Lovers Protest (ဧရာဝတီချစ်သူများ၏ ရင်ဖွင့်သံ)

Irrawaddy Lovers Protest (ဧရာဝတီချစ်သူများ၏ ရင်ဖွင့်သံ)
When: Monday, October 10 · 2:00pm - 4:00pm

Where: Chinese Embassy

Created By Irrawaddy Lovers

တရုတ်အစိုးရကို မြန်မာပြည်သူတွေဆုံးဖြတ်ချက်ကို အလေးထားဖို့ ပြောချင်တဲ့ ပွဲလေးပါ။ ဆန္ဒပြတယ်ဆိုတာထက် သဘောပေါက်အောင် ပြောချင်တဲ့ပွဲပါ။

အခုလိုသမ္မကြီးရဲ့ ပြည်သူတွေ ဆန္ဒကိုလေးစားလိုက်နာပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်လိုက်တဲ့ကိစ္စကို ဧရာဝတီချစ်သူများ ကထောက်ခံတဲ့အကြောင်း၊ ပြည်သူ တရပ်လုံး သမ္မတကြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မူနဲ့ မားမား ကြီးရပ်တည်ပေးမယ်ဆိုတဲ့အကြောင်း၊ တရုတ်အစိုးရ အနိုင်ကျင်တိုင်း ခေါင်းငုံ ကြောက်ရွံနေဖို့ မလိုတဲ့အကြောင်း၊ တရုတ်အစိုးရကို မြန်မာနိုင်ငံ၊ မြန်မာပြည်သူ၊ မြန်မာခေါင်းဆောင်များနဲ့ သမ္မကြီးတို့ ကို အနိုင်မကျင့်စေလိုကြောင်း ပြောပြမဲ့ ဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပါတယ်။

လန်ဒန်က မြန်မာသံရုံးကိုလည်း ပါဝင်ဖို့ လေးလေးစားစားဖိတ်ကြားပါတယ်။
အင်္ဂလန်မှာ ရှိတဲ့ မြန်မာကျောင်းသားများ၊ဆရာဝန်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံးကိုလဲ ပါဝင်ဖို့ ဖိတ်ကြားပါတယ်။ ၂နာရီကြာမှာ ဖြစ်ပေမဲ့ ဆယ်မိနစ်လောက် မျက်နှာလာပြလည်း ရပါတယ်။ တရုတ်အစိုးရ သိသွားစေချင်လို့ပါ။

ယဉ်ယဉ်ကျေးကျေး ကြွေးကြော်ကြမယ်။ အနီးအနား ဖြတ်သွားဖြတ်လာတွေ သိသင့်တဲ့ အကြောင်းအရာတွေ ဝေမယ်။ ဧရာဝတီနဲ့ ပတ်သက်တဲ့ စာတွေ ကဗျာတွေ သီချင်းတွေ ဆိုကြမယ်။ ဒီလောက်ပါဘဲ။ လက်သီးလက်မောင်းတန်းပြီး အော်ဆဲနေမှာ မဟုတ်ပါဘူး။ ဧရာဝတီချစ်ရင် လာတော့ အားပေးကြပါ။

No comments:

Speech of General Aung San