Sunday 18 December 2011

ငြိမ်းချမ်းရေးရဖို့ သုံးနှစ်ကြာနိုင်ကြောင်း ဦးအောင်သောင်းပြော

2011-12-17

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ ငြိမ်းချမ်းရေးသဘောတူညီ ချက် ရရှိဖို့အတွက် နောက်ထပ် သုံးနှစ်အထိ ကြာမြင့်နိုင်တယ်လို့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက မနေ့က ပြောလိုက်ပါတယ်။

RFA

၂ဝ၁၁ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်။

ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးအောင်သောင်းက အဲဒီလို ပြောလိုက်တာပါ။

မြန်မာအစိုးရဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁ဝ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ ရရှိထားကြောင်းနဲ့ ဒီသဘောတူညီချက်တွေကတဆင့် ထာဝရငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်အထူးအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ့်အကြောင်း စစ်အစိုးရလက်ထက် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း ရဲ့စကားကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပေမယ့် တိုက်ပွဲ တွေ ဆက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဦးအောင်သောင်းက- ဝေးလံတဲ့ အစွန်အဖျားဒေသ တချို့မှာတော့ ပစ်ခတ်မှုတွေ အနည်းအကျဉ်း ကျန်ရှိနိုင်တဲ့ အကြောင်း၊ ဆက်သွယ်ရေးစနစ် မကောင်းတဲ့အတွက် ညွန်ကြားချက် မရောက်ရှိ သေးတာ ဖြစ်နိုင်ကြောင်း ဖြေဆိုသွားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ Yangon Media Group က အယ်ဒီတာချုပ် ကိုကို(စက်မှု) ကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

No comments:

Speech of General Aung San