Saturday 9 July 2011

မမေ့တဲ့ဇူလိုင်၇ရက်ရင်တွင်းမှ ငိုချင်းများ

➐ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း အချို့ရဲ့ ရင်တွင်း ခံစားမှု တချို့ ... ➐ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။

ခံစားမှု (၁)။

ကျောင်းတော် ခရီး
လမ်းမကြီး၌
သွေးစီး ပွက်ပွက်
ခုနစ်ရက်နေ့
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင် အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ ကောင်းရာ လားစေသော်ဝ်။


ခံစားမှု (၂)။

လက်သီး ဆုပ်လျက် ၊ ကြွေးကြော် တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသား လူရွယ် ရဲဘက်များ ...
နီရဲ ပူနွေး သတ္တိ သွေးကား
စွန်းထင်း ကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီ တကား
သြော် ....
သမိုင်း စာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့သွေး ကွက်မူ
အသူဖျက်၍ ရအံ့နည်း။

ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက် ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်း ဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။

ခံစားမှု (၄)။

ငါ့ရင်ဝတွင် ကျည်ဆံ ၀င်၍
သွေးရှင် လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်း ငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင် ဆန္ဒ မရမချင်း
အားမာန် တင်း၍
လက်ငင်း တိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း များကနေ ခံစားရေးဖွဲ့ခဲ့ကြမှု များထဲမှ အချို့အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။


ကြယ်တွေ ပြိုင်တူလင်းဖို့ လိုတယ်


သုညတလုံးဟာ
ရှေ့ မှာမနေသင့်ဘူး

မင်းတို့ နေရာပျောက်မှာ ကြောက်တာနဲ့ 
ခမ်းမတခုလုံးဖျောက်ထားရသလား။

မိုးကြိုးလျပ်စီးရယ်
မင်း..ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်းခဏဘဲ လင်းမှာပါ
လမင်းတော့ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓါတ်တွေနဲ့ တော့
ဘယ်ကိုမှာရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ့်လမ်းဟာ
ကြမ်းတော့ကြမ်းလိမ့်မယ်။

ရှေ့ မှာလည်း
တစ္ဆေတကောင်
သေနတ်ကိုင်ပြီးစောင့်နေတယ်။

တစ္ဆေမကြောက်သင့်တဲ့ အချိန်မှာတော့
ငါတို့ မျက်လုံးတွေ ကန်းသင့်ရင်ကန်း ထားရလိမ့်မယ်။

ပြီးတော့
တောက်ပတဲ့မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုဘဲတည့်တည့်ကြည့်ပြီး
ရဲရဲဝံ့ဝံ့ လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကဗျာဆရာ- ကောင်းကင်ကို

No comments:

Speech of General Aung San